ပွင့်လင်းလာသော ခေတ်သစ်ဂျပန်နိုင်ငံအဖြစ်သို့
Poe Poe
近年、日本は職場、大学、地域社会など、あらゆる場面で文化的な多様性が目に見えて広がっています。出入国在留管理庁の最新データによると、2024年末時点で日本に在留する外国人の数は377万人に達し、前年より10%以上の増加を記録しました。これは過去最多の数字です。

興味深いことに、現在日本で暮らす外国人は、男女比がほぼ均等で、年齢層も幅広いことが特徴です。このことから、日本は単なる労働の場としてだけでなく、学生、家族、そして世界中の人々にとって“第二の故郷”となりつつあることがわかります。

国籍別で見ると、依然として中国出身者が最も多く、約87万人にのぼります。続いてベトナム出身者が急増しており、現在では約63万人を超えています。そのほか、韓国、フィリピン、ネパールの順に多く、特にネパールは初めてブラジルを抜いて第5位となりました。これは日本における外国人構成の変化を象徴する出来事と言えるでしょう。

居住地域に目を向けると、やはり東京都が外国人居住者数で最多を記録しており、約73万人と全体の約5分の1を占めています。次いで大阪府、愛知県、神奈川県、埼玉県が続き、いずれも産業・教育・サービス分野が発展した地域です。そのため、多くの外国人が生活の拠点としてこれらの都市を選んでいます。
  • 1 WoW
Poe Poe
မကြာသေးမီနှစ်များအတွင်း ဂျပန်တွင် အလုပ်သမားဌာနများ၊ တက္ကသိုလ်များ၊ ဒေသလူမှုအဖွဲ့အစည်းများအထိ အမျိုးမျိုးသောယဉ်ကျေးမှုပုံစံများ ပိုမိုတွေ့မြင်လာရပါတယ်။ ဂျပန်နိုင်ငံဝင်ခွင့်နှင့် နေထိုင်ခွင့်စီမံခန့်ခွဲရေးဌာန၏ နောက်ဆုံးဒေတာအရ ၂၀၂၄ အကုန်တွင် ဂျပန်မှာနေထိုင်နေသူ နိုင်ငံခြားသားအရေအတွက်က ၃.၇၇ သန်းအထိ ရောက်ရှိခဲ့ပြီး မနှစ်ကထက် ၁၀ရာခိုင်နှုန်းကျော် တိုးလာခဲ့တဲ့အတွက် သမိုင်းတလျှောက် အများဆုံးအဖြစ် မှတ်တမ်းတင်ထားရပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့ ဂျပန်၌နေထိုင်သော နိုင်ငံခြားသားများသည် ကျား-မအချိုးအစား ညီအောင်ရှိနေပြီး အသက်အနွယ်အရွယ်အမျိုးမျိုးလည်း တွေ့ကြရပါတယ်။ ထို့ကြောင့် ဂျပန်နိုင်ငံကတော့ အလုပ်ရှာဖွေရန်နေရာတစ်ခုအဖြစ်မကဘဲ ကျောင်းသားများ၊ မိသားစုများနှင့် ကမ္ဘာတစ်ဝှမ်းရှိလူမျိုးမျိုးအတွက် “ဒုတိယအိမ်မြေအဖြစ်” တဖြည်းဖြည်းဖြစ်လာနေခဲ့ပါတယ်။
နိုင်ငံသားအလိုက်ကြည့်လျှင် တရုတ်နိုင်ငံသားများက အများဆုံးဖြစ်ပြီး ၈၇ သောင်းသို့ မြင့်တက်လာနေပါတယ်။ ဆက်လက်ပြီးတော့ ဗီယက်နမ်နိုင်ငံသားများက တဟုန်ထိုး တိုးလာပြီး ယခုအချိန်တွင် ၆၃ သောင်းကျော်သွားပြီဖြစ်ပါတယ်။ အခြားနိုင်ငံများထဲတွင် ကိုရီးယား၊ ဖိလစ်ပိုင်၊ နီပေါတို့က အများဆုံးဖြစ်ပြီး အထူးသဖြင့် နီပေါနိုင်ငံသားများက ပထမဆုံးအကြိမ်အဖြစ် ဘရာဇီးကိုကျော်၍ ၅နေရာမြောက်အဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုအဖြစ်အပျက်ကတော့ ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားဖွဲ့စည်းပုံ ပြောင်းလဲလာမှုကို ပြသနေတယ်လို့ ပြောနိုင်ပါတယ်။
နေထိုင်ရာဒေသအလျောက်ကြည့်မည်ဆိုလျှင် တိုကျိုမြို့ကတော့ နိုင်ငံခြားသားအများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ၇၃သောင်းခန့် ရှိကာ စုစုပေါင်း၏ ၅ ပုံ ၁ ပုံလောက်ဖြစ်ပါတယ်။ထို့နောက် အိုဆာကာ၊ အိုင်ချီ၊ ကာနဂါဝါ၊ ဆိုင်တားမားတို့က အသင့်သင့်ရှိနေပြီး ဤဒေသများသည် စက်မှု၊ ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းမျိုးစုံ တိုးတက်သောဒေသများဖြစ်သဖြင့် နိုင်ငံခြားသားအများစုက ၎င်းမြို့များကို နေထိုင်အခြေစိုက်နေရာအဖြစ် ရွေးချယ်လေ့ရှိကြပါတယ်။
  • 1 WoW