[ ဘယ်လိုမျိုး အလုပ်အကိုင်က ငါ့အတွက်အကောင်းဆုံးလဲ?] ဆိုပြီး စဉ်းစားနေတဲ့ 就活生(အလုပ်ဖွေရှာနေသူကျောင်းသားများ)အတွက်!
Poe Poe
ဂျပန်မှာ တက္ကသိုလ် ၃ နှစ်မှစပြီး 就職活動(しゅうしょくかつどう)အလုပ်ရှာဖွေရေးကိုစတင်ကြပါတယ်။ ဒါပေမဲ့ “အနာဂတ်မှာ တကယ်ဘာလုပ်ချင်လဲ” ဆိုတာ မသိတဲ့ ကျောင်းသားတွေလည်း များစွာရှိပါတယ်။
ဒီတော့ “ကိုယ်ဘာလုပ်ချင်လဲ” ကို ရှင်းရှင်းလင်းလင်းသိအောင် လုပ်နိုင်တဲ့နည်းလမ်းတွေကို မျှဝေပါမယ်။
(၁) 「Will/Can/Must」 ကို အသုံးပြုကြည့်ပါ!

Will (လုပ်ချင်တာ)
→ သင်အနာဂတ်မှာ အကောင်အထည်ဖော်ချင်တဲ့ အရာ၊ စိတ်ဆန္ဒများ ~
ဥပမာ – “လူများကို ကူညီနိုင်တဲ့အလုပ်လုပ်ချင်တယ်” “အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းလိုချင်တယ်” စသည်။

Can(လုပ်နိုင်တာ)
→ လက်ရှိမှာ သင်တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ အားသာချက်များ~
ဥပမာ – "အင်္ဂလိပ်စာကောင်းတယ်" "ကွန်ပျူတာသုံးတတ်တယ်" လူမှုဆက်ဆံရေးကောင်းတယ်" စသည်။

Must(လုပ်သင့်တာ)
→ ကုမ္ပဏီ/အဖွဲ့အစည်းအနေနဲ့ မျှော်လင့် တောင်းဆိုထားတဲ့ တာဝန်၊ ညွှန်ကြားချက်၊ လုပ်ဆောင်ရမယ့်အလုပ်များ~
ဥပမာ – “အသင်းအဖွဲ့အနေနဲ့ အဖွဲ့အစည်းအတွက် လုပ်ဆောင်ရမယ်” “အဖွဲ့လိုအပ်ချက်ကို ဖြေရှင်းရမယ်” စသည်။

ဤ Will/Can/Must သုံးခုကို သေချာဖော်ပြနိုင်ရင်၊ သင့်အနာဂတ်ပုံစံနဲ့ “ဘာလုပ်ချင်လဲ” ဆိုတာ ပိုရှင်းလာပါလိမ့်မယ်။

(၂) အနာဂတ်မှ ပြောင်းပြန်လှန်ပြီး စဉ်းစားကြည့်ပါ!
သင်ဟာ ၁၀ နှစ်အကြာ၊ ၃၀ နှစ်အကြာမှာ ဘယ်လိုဖြစ်ချင်သလဲဆိုတာ မြင်ယောင်ကြည့်ပါ။ အဲ့ဒီအနာဂတ်ပုံစံကနေ ၁ နှစ်အကြာ၊ ၃ နှစ်အကြာမှာ ပြီးမြောက်ချင်တဲ့ရည်မှန်းချက်ကို ရှာဖွေတွေ့နိုင်ရင် အခြေခံကျတဲ့ ခြေလှမ်းလှမ်းနိုင်ဖို့ အစီအစဉ် ဟာပိုမိုပြီးတော့ တည်ဆောက်ရလွယ်ကူလာပါလိမ့်မယ်။
  • 0 WoW