အချိန်ပိုင်းအလုပ် အလုပ်ချိန်တွက်ရတာနဲ့ပက်သက်ပြီး စိတ်ရှူပ်နေပြီမလား?
Poe Poe
ဂျပန်နိုင်ငံတွင် ကျောင်းတက်နေရင်း အချိန်ပိုင်းအလုပ်လုပ်နေကြရတဲ့ကျောင်းသားတွေ အတွက် အချိန်ပိုင်းအလုပ်ချိန်ကို တွက်ချက်ပြီးထိန်းညှိရတာဟာ တော်တော်ကို စိတ်ရှုပ်စရာကောင်းပါတယ်။ အခန့်မသင့် သတ်မှတ်အချိန်ကိုကျော်ပြီး အလုပ်ပိုလုပ်မိခဲ့ရင်တော့ စည်းကမ်းဖောက်ဖျက်မှုအဖြစ်နဲ့ အမိနိုင်ငံကိုပြန်သွားရနိုင်ချေရှိပြီး အတော့်ကိုအန္တာရယ်များလှပါတယ်။ သင့်အတွက် ထိုအခြေအနေများကို ဖြေရှင်းဖို့ အချိန်ကိုစီမံခန့်ခွဲပေးတဲ့ App များဟာပေါ်ပေါက်လာနေပါပြီ!
အောက်ပါ APPများပို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ နေ့စဉ်စီမံခန့်ခွဲမှုကိုပြုလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) 28-Twenty Eight (နိုင်ငံခြားသားကျောင်းသားများအတွက် !)
~သီတင်းပတ်နှစ်စဉ် အလုပ်လုပ်ချိန်ကို အလိုအလျောက်တွက်ချက်ပေးပါတယ်။တနေ့လျှင် ၈ နာရီအထိသာ လုပ်ခွင့်ရှိသည်ကို အခြေခံပြီး အလိုအလျောက် စစ်ဆေးပေးပါတယ်။ အလုပ်သမားအဖြစ် အလုပ်နည်းပေါင်းများစွာ လုပ်နေသူများအတွက်ပါ စုစုပေါင်းအချိန်ကို ပေါင်းထုတ်၍ တစ်ခါတည်းတွက်ချက်ပေးနိုင်ပါတယ်။
~တစ်လစာ အလုပ်ချိန်နှင့် ရရှိမည့် လစာခန့်မှန်းစာရင်းကို ပြသပေးပါတယ်။နေ့စဉ်ဘဝ စီမံကိန်းချခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုအတွက် အထောက်အကူပြုပါတယ်။
~在留資格(နေထိုင်ခွင့်)နှင့် 資格外活動許可(အလုပ်လုပ်ခွင့်)အခြေအနေကို စစ်ဆေးနိုင်ပြီး၊နိုင်ငံခြားသားကျောင်းသားအဖြစ် ဥပဒေကို မှန်ကန်စွာလိုက်နာနေကြောင်း သေချာစေနိုင်ပါတယ်။
https://apps.apple.com/jp/app/28-twenty-eight/id1473459624?l=en-US
ဂျပန်နိုင်ငံမှာ လူကြိုက်များပြီး ယုံကြည့်စိတ်ချရတဲ့ အများအသုံးဝင် App တစ်ခုပါ။

(၂)シフトボ-ド-
~(အလုပ်အချိန်ဇယား) စီမံခန့်ခွဲခြင်း၊ လစာကို အလိုအလျောက်တွက်ချက်ပေးခြင်း၊ အလုပ်နေရာများ တစ်ခုထက်ပိုလျှင်လည်း စုစည်းစီမံပေးနိုင်ပါတယ်။
~အလုပ်ကို နှစ်ခုအထက် လုပ်ကိုင်သူတွေနဲ့ ညဆိုင်းအချိန်ပိုကြေး၊ လမ်းစရိတ်ကဲ့သို့သော ဝင်ငွေထပ်တိုးလစာရှိသူများအတွက်လည်း အထူးအသုံးဝင်ပါတယ်။
https://apps.apple.com/jp/app/%E3%82%B7%E3%83%95%E3%83%88%E3%83%9C%E3%83%BC%E3%83%89-%E3%83%90%E3%82%A4%E3%83%88%E3%81%AE%E7%B5%A6%E6%96%99%E8%A8%88%E7%AE%97%E3%81%A8%E3%82%B7%E3%83%95%E3%83%88%E7%AE%A1%E7%90%86/id747364886?l=en-US
  • 1 WoW