ဂျပန်နိုင်ငံတက္ကသိုလ်တွေဟာ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်တွေနဲ့အနည်းငယ် မတူပဲ ကွဲလွဲနေတယ်စိုဆိုတာ သင်သိပါသလား?
Say Reh
ဂျပန်နိုင်ငံတက္ကသိုလ်တွေဟာ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်တွေနဲ့အနည်းငယ် မတူပဲ ကွဲလွဲနေတယ်စိုဆိုတာ သင်သိပါသလား?
ဂျပန်နိုင်ငံရဲ့ သင်ကြားရေးပုံစံ၊ ကျောင်းသားဘဝနေထိုင်ပုံစံ၊ ကျောင်းအပတ်စဉ်ပွဲများတွင် ဂျပန်မှာပဲရှိတဲ့ ထူးခြားသည့် ယဉ်ကျေးမှုများစွာ ပါဝင်နေပါတယ်။
ဒီဆောင်းပါးမှာတော့ နိုင်ငံခြားတက္ကသိုလ်များနှင့် နှိုင်းယှဉ်ပြီး ဂျပန်နိုင်ငံတက္ကသိုလ်ဘဝရဲ့ ထူးခြားချက် ၃ ခု ကို မိတ်ဆက်ပေးသွားပါမယ်။
ထူးခြားချက် ~
(၁) – サークル・部活 (ကလပ်၊အသင်းအဖွဲ့၊ လှုပ်ရှားမှုများ)
ဂျပန်တက္ကသိုလ်တွေမှာ ပညာသင်ကြားမှုအပြင် ကလပ်များလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတွင်ပါဝင်နေပါတယ်။အများအားဖြင့် စိတ်ဝင်စားမှုတစ်ခုအတွက်နဲ့ပဲ မဟုတ်ပဲ၊ “မိတ်ဆွေအပေါင်းအသင်းအသစ်တွေဖန်တီးရာနေရာ” အနေနဲ့ပါ သတ်မှတ်ထားကြပါတယ်။တစ်နှစ်တစ်ကြိမ်၊ ဧပြီလလယ်ပိုင်းခန့်မှာ တက္ကသိုလ်အတွင်း အသင်းအသစ်ဝင်သူများအတွက် လူခေါ်ယူခြင်း ပြုလုပ်ကြပါတယ်။
အဲ့အချိန်မှာ သင်နှစ်သက်တဲ့ အသင်းကို ရွေးချယ်ပြီး ပါဝင်ပါက ကျောင်းဘဝကို ပိုပြီး ပျော်ရွှင်စေမှာဖြစ်ပါတယ်။

(၂) – “就職活動(しゅうしょくかつどう/အလုပ်အကိုင်အတွက်ရှာဖွေလှုပ်ရှားခြင်း)
ဂျပန်မှာ အလုပ်လုပ်ချင်တဲ့ ကျောင်းသားတွေအတွက် 就職活動စိုတာ တက္ကသိုလ်ဘဝရဲ့ အရေးကြီးဆုံး အခန်းကဏ္ဍပါ။ သုံးနှစ်မြောက်ကျောင်းသားဖြစ်လာတာနဲ့ အလုပ်ရှာဖွေခြင်းကိုစတင်ကြပါတော့တယ်။အဓိက လုပ်ဆောင်ချက်တွေကတော့
自己分析(မိမိကိုယ်ကိုခွဲခြားစိတ်ဖြာခြင်း) → 説明会(အလုပ်ရှင်းပြပွဲတက်ရောက်ခြင်း) → 面接(အင်တာဗျူး၊မေးမြန်းမှုအဆင့်အဆင့်) → 内定(အလုပ်ကမ်းလှမ်းခြင်း)တိုဖြစ်ပါတယ်။ ဂျပန်ကျောင်းသားတွေဟာ ကိုယ့်အားသာချက် နှင့် အားနည်းချက်ကိုသိဖို့ မိမိကိုယ်ကိုခွဲဖြားစိတ်ဖြာပြီး သုံးသပ်ကြပါတယ်။ ထို့အပြင် ဂျပန်ရဲ့ ထူးခြားချက်တစ်ခုကတော့ スーツ(Suit/အလုပ်ဝတ်စုံ)ဝတ်ပြီး 説明会 အလုပ်ရှင်းလင်းမိတ်ဆက်ပွဲသို့ တက်ရောက်ကြခြင်းဖြစ်ပါတယ်။ထူးခြားချက်

(၃) – アルバイト(အချိန်ပိုင်းအလုပ်)
ဂျပန်တက္ကသိုလ်ကျောင်းသားအများအပြားအတွက် အချိန်ပိုင်းအလုပ်ဆိုတာ နေ့စဉ်နေထိုင်မှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အများအားဖြင့် ကဖေး၊ကွန်ဗီနီ စတိုး၊ သင်တန်း စတဲ့ အလုပ်မျိုးစုံကိုလုပ်ကိုင်ကြပါတယ်။ အချိန်ပိုင်းအလုပ်တွေက ဝင်ငွေရရှိသောနေရာတစ်ခုသာသာ မဟုတ်ဘဲ၊ လူမှုအသိုင်းအဝိုင်းရဲ့ ကျင့်ဝတ်များ၊ ဂုဏ်သိက္ခာ၊ တာဝန်ဝတ္တရား များကို သင်ယူနိုင်တဲ့ အဖိုးတန်လှသောနေရာတစ်ခုဖြစ်ပါတယ်။
  • 1 WoW